ဆံနွယ်များသိသိသာသာ ပျက်စီးသွားရသော အကြောင်းရင်းများ
27-Feb-2017ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိတယ် ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတစ်မျိုးဖြစ်တာကြောင့် ဆံသားဆုံးရှုံးမှု ဖြစ်စေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆံပင်ကျွတ်တတ်ပြီး ကလေးမွေးဖွားပြီး နောက်ပိုင်းတော့ ဆံသားပုံမှန်ပြန်ပေါက်တတ်ပါတယ်။
အသားဓာတ်လိုအပ်မှုရှိခြင်း
ခန္ဓာကိုယ်မှာ အသားဓာတ် မလုံလောက်ဘူးဆိုရင် ဆံသားရှင်သန်မှု ဖြစ်စဉ် ကလည်း ပြတ်တောက်သွားတတ်တယ်လို့ အမေရိကန်မှ လေ့လာသူတွေက ဆိုပါတယ်။ ပရိုတင်းဓာတ်ချို့တဲ့တာ နှစ်လ၊ သုံးလလောက်ကြာတာနဲ့ ဆံသားထိခိုက်မှုဖြစ်လာတတ် ပါတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ ငါးနဲ့ ဥတွေများစွာရှိပါတယ်။ သင်က အသားမစားသူဆိုရင်တော့ ပဲအမျိုးမျိုးနဲ့ တခြားပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေကို ဖြည့်စွက်စားပေးပါ။
ဆံသားပါးသော မျိုးရိုးရှိခြင်း
ဆံပင်ပါးတာနဲ့ ထိပ်ပြောင်တာတွေက မျိုးရိုးလိုက်တတ်ပါတယ်။ သင့်အဖေ၊ ဒါမှမဟုတ် သင့်အမေက ဆံပင်ပါးသူဆိုရင် သင်လည်းဆံပင်ပါးနိုင်ပါတယ်။ တစ်ခါတလေ သင့်အဖိုး၊ အဖွားတွေအထိ တစ်ဆင့်ကျော်ပြီး မျိုးရိုးလိုက်တတ်ပါသေးတယ်။
သန္ဓေတားဆေးများ
အိမ်ထောင်သည် အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ သားဆက်ခြားဆေးတချို့မှာ ပါဝင်တဲ့ မဟော်မုန်းတွေ ကြောင့်လည်း ဆံသားပျက်စီးမှုဖြစ်စေနိုင်ပါသေးတယ်။
စိတ်လှုပ်ရှားစရာဖိစီးမှုများ ကြုံတွေ့ရခြင်း
မတော်တဆ ထိခိုက်မှုလိုမျိုးတွေ၊ ရှော့ခ်ဖြစ်တာများတာနဲ့ ကြောက်လန့် မှုဖြစ်စဉ်တွေကို ကြုံတွေ့ရတာကြောင့် စိုးရိန်ထိတ်လန့်ပြီး ဖိစီးမှုဖြစ်လာတတ်ပါတယ်။ ဒီလိုဖိစီးမှုတွေကလည်း ဆံသားပျက်စီးဆုံးရှုံးမှု ဖြစ်စေပါတယ်။
သွေးအားနည်းခြင်း
အမျိုးသမီးအများစုဟာ သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းရောဂါဖြစ် တတ်ပါတယ်။ သွေးအားနည်း တာကလည်း ဆံသားကို ထိခိုက်တတ် ပါသေးတယ် ။ သွေးအားနည်းတာ ကလည်း ဆံသားကို ကြည့်နိုင်ပါတယ်။ သွေးအားနည်း တာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာက ဆံသားဆုံးရှုံးတာ တစ်ခုတည်း မဟုတ် ပါဘူး။ ခေါင်းကိုက်တာ၊ အသားအရေဖျော့တော့တာ၊ မူးမော်နဲ့ ခြေဖျားလက်ဖျားတွေ ဆေး စက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သံဓာတ်အားပြည့်စေမယ့် ဖြည့်စွက်ဆေးတွေကို မှီဝဲနိုင်ပါတယ်။
ဗီတာမင်ဘီ မလုံလောက်ခြင်း
ဗီတာမင်ဘီ လိုအပ်မှုဖြစ်စဉ်ကြောင့်လည်း ဆံသားဆုံးရှုံးမှု ဖြစ်ပေါ်စေတယ် လို့ လေ့လာသူတွေက ဆိုပါတယ်။ ဗီတာမင်ဘီ ဖြည့်စွက်ဆေးတွေ မှီဝဲနိုင်သလို ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ငါး၊ လတ်ဆတ်တဲ့အသီးအနှံနဲ့ အသားတွေ ကို စားပေးပါ။ ထောပတ်သီးနဲ့ အစေ့အဆန်တွေကလည်း ဆံသားအတွက် အထောက် အကူပြုပါတယ်။
ဓာတုကုထုံးများ ခံယူနေခြင်း
ပိုးမွှားတွေကို သေစေနိုင်တဲ့ ကုထုံးတွေကို ခံယူနေရသူမျိုး၊ တစ်နည်းအားဖြင့် ပိုးသတ်ဆေးတွေကို မှီဝဲနေရသူတွေ အနေနဲ့လည်း ဆံသားဆုံးရှုံးမှုဖြစ်စေပါတယ်။ ဆေး ကုသမှုခံယူနေခြင်းရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်တာကြောင့် ဆေးကုသမှု ခံယူပြီးချိန်မှသာ ဆံသားပြန်လည်ရှင်သန်လာစေမှာပါ။
ခုခံအားကျဆင်းခြင်း
ခန္ဓာကိုယ်မှာ ခုခံအားကျဆင်း မှုဖြစ်နေတယ်ဆိုရင်လည်း ဆံပင်ရှင်သန် မှု နှေးသွားတတ်ပါတယ်။ ခုခံအားကျဆင်းမှုရောဂါရှိသူ ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီး ကိုယ်ခံစွမ်းအားနည်းတတ်သူတွေအနေနဲ့ အဖြစ်များပါတယ်။ ခုခံအားကျတိုင်း HIV ပိုးရှိနေတာမဟုတ်ပါဘူး။ တခြားရောဂါတွေကြောင့်လည်း ကိုယ်ခံစွမ်းအားနည်းလာပြီး ခုခံအားကျဆင်းစေတတ်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းနေသူတွေအနေနဲ့ အတတ်နိုင်ဆုံး ဆံပင်တိုတို ညှပ်ပါ၊ အပျော့စား ခေါင်းလျှော်ရည်သုံးပါ၊ ခေါင်းမကြာခဏဆိုသလို ဖြီးတာမျိုးမလုပ်ပါနှင့်။
ရုတ်တရက်ကိုယ်အလေးချိန်ကျခြင်း
ရုတ်တရက်ဆိုသလို ကိုယ်အလေးချိန် ကျသွားတာဟာ ပိန်ချင်သူတွေအတွက်တော့ ဝမ်းသာစရာဖြစ်ပေမယ့် တကယ်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကိုယ်အလေး ချိန်ကျစေဖို့ လေ့ကျင့်ခန်း လုပ်မယ် ဆိုရင်တောင် တစ်လလောက်ကြာချိန်မှာ ၁၀ ပေါင် လောက်သာ ကျစေပါလိမ့်မယ်။ ရုတ်တရက် ပေါင် ၂၀ လောက်ကျသွားတာမျိုးက တခြား ကျန်းမာရေးပြဿနာတွေ ဖြစ်စေတတ်ပါတယ်။ သင်ဟာခြောက်လ အတွင်းမှာ ကိုယ်အလေးချိန်လည်း သိသိသာသာကျပြီး ဆံသားဆုံးရှုံးမှုလည်း ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။
အလွန်အကျွံပြင်ဆင်ခြင်း
ဆံသားတွေကို ကျစ်ဆံမြီးကျစ်တာ၊ စည်းနှောင်တာနဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင် အလှကုန်တွေ သုံးတာကြောင့် ဆံသားပျက်ဆီးစေနိုင်ပါတယ်။ ဆံသားစည်းနှောင် တာမျိုး ကို တစ်ပတ်တစ်ကြိမ်လောက်သာ ပြုလုပ်ပေးပါ။ ပုံမှန်ဆံသားစည်းနှောင်သူတွေအနေနဲ့ ခပ်ဖွဖွသာ စည်းနှောင်ရတဲ့ခေါင်းစည်းကြိုးတွေကို အသုံးပြုပါ။
ဆံပင်နှင့်ပတ်သက်သော ရောဂါရှိခြင်း
ဆံပင်နဲ့ ပတ်သက်တဲ့ ရောဂါရှိသူတွေ အနေနဲ့ ဆံပင်ကျွတ်သွားတာမျိုး၊ ဆံပင်တစ်ခေါင်းလုံး ဖြူဖွေးနေတာမျိုး၊ ဆံပင်ရှင်သန်မှု မရှိတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ ဒီလို ရောဂါရှိသူတွေအနေနဲ့ တခြားကုထုံးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပေး ဖို့လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ
Arogyam magazine, March 2014, No. 260, Pg. 135-138